| အလုပ်သင်လုပ်သား အစီအစဉ် … |
| အလုပ်သင်လုပ်သားအစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှလူငယ်လုပ်သားများကို ဂျပန်နိုင်ငံ၏စက်မှု နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် (၃)နှစ်ကြာကာလအထိ ဝင်ရောက်လုပ်ကိုင်စေခြင်းဖြင့် နည်းပညာ နှင့် ကျွမ်းကျင်မှုများရရှိစေရန် ခေါ်ယူလေ့ကျင့်ပေးသည့် အစီအစဉ်ဖြစ်ပါသည်။ |
| အလုပ် အမျိုးအစားများ … |
| စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ရေလုပ်ငန်း၊ စားသောက်ကုန်၊ ချည်မျှင်နှင့် အထည်လိပ်၊ စက်မှုနှင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေး စသည့်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရှိပြီး ကုမ္ပဏီများမှအလုပ် ခေါ်စာပေးပို့လာသည့်အခါ မိမိနှစ်သက်ရာအလုပ်တွင် အင်တာဗျူးဝင်ရောက်ဖြေဆိုကာ၊ အောင်မြင်ပါ က ပြည်ပထွက်ခွာ ခြင်းဆိုင်ရာ ပြင်ဆင်မှုများပြုလုပ်၍ သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ အလုပ် သင်လုပ်သားများ အနေဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခွင့်ရှိသော အလုပ်အမျိုးအစား(၇၄)မျိုး ရှိပြီး အလုပ်အကိုင်ပေါင်း(၁၃၃)ခု ရှိပါသည်။ |
| အရည်အချင်း သတ်မှတ်ချက် … |
- အသက်(၁၈)နှစ်မှ(၃၅)နှစ်အတွင်း ဖြစ်ရမည်။
- အနိမ့်ဆုံး အခြေခံပညာ(၈)တန်းအဆင့် ဖြစ်ရမည်။
- သက်ဆိုင်ရာလုပ်ငန်းတွင် လုပ်ငန်းအတွေ့အကြုံရှိရမည်။
|
| ဂျပန်ဘာသာသင်တန်းများ … |
ဂျပန်နိုင်ငံရှိအလုပ်ခွင်တွင်အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရန်အတွက် ဂျပန်စကားကိုအဓိကထား သင်ကြားပြီး ဂျပန်နိုင်ငံ၏ယဉ်ကျေးမှု၊ နေထိုင်မှုပုံစံ၊ အလုပ်သင်လုပ်သားအစီအစဉ်နှင့်ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များနှင့် နည်းပညာဆိုင်ရာလေ့ကျင်မှုများကို သင်ကြားသွားမည်ဖြစ်သည်။
| သင်ကြားမည့်အကြောင်းအရာများ |
ဂျပန်ဘာသာ (N4 အဆင့်အထိ)၊ ဂျပန်ယဉ်ကျေးမှုနှင့်နေထိုင်မှုပုံစံ၊ 5S Activity ၊ နည်းပညာလေ့ကျင့်မှု
|
| သင်တန်းကာလ |
(၆)လ မှ (၉)လ အထိ |
 |
|
| လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့် |
 |
ဂျပန်နိုင်ငံသို့ အလုပ်သင်လုပ်သားအဖြစ်လုပ်ကိုင်သူများ နှင့်ပတ်သက်၍ သိရှိထားသင့်သည့် မြန်မာဘာသာဖြင့် ရေးသားထားသောသတင်းအချက်အလက်များ-